ThanLwinSoft.org
English | မြန်မာလို

အက္ခရာထည့်သွင်းခြင်းနည်းလမ်း

အက္ခရာထည့်သွင်းခြင်း နည်းလမ်းသည် လွတ်လပ်စွာ ဝင်ရောက်ပြင်ဆင်နိုင်သော ရင်းမြစ်လိုင်ဘရီကိုသုံးခြင်းဖြင့် Tavultsoft Keyman အတွက် ကီးဘုတ် အပြင်အဆင်ကို ယခုအခါထောက်ပံ့ပေးပါသည်။ ဆိုလိုသည်မှာ အချက်အလက်များ မှန်ကန်ကျနစွာ ထားသိုနိုင်ရန် ရိုက်နှိပ်နိုင်သောကြောင့် ကီးဘုတ်သည် စာသားအခြေအနေဆက်စပ်မှုကို တိကျစွာ ပြန်လည်လုပ်ဆောင်ပေးနိုင်သည်။ အရှေ့တောင်အာရှ၏ ရှုပ်ထွေးသော စာရေးသားခြင်းအတွက် ၎င်းမကြာခဏလိုအပ်မည်ဖြစ်သည်။

ဖွဲစည်းထားပုံ

အက္ခရာသည် Windows Advanced Text Services ကို အသုံးပြုသည်။ ၎င်းကို Keyboards and Languages တက်ဘ် ရှိ Control Panel / Regional and Language Options တွင် အခြားအရာများနှင့်တွဲသုံးနိုင်ရန် စီစဉ်ထားသည်။ ဒိုင်ယာလော့ဘောက်ဖွင့်ရန်Change Keyboardsကိုနှိပ်ပါ။ (XP ပေါ်တွင်Details ကိုနှိပ်ပါ။) English-US ဒေသအတွက် သုံးရန် အက္ခရာကို ဖွဲ့စည်းထားသည်။ ထို့ကြောင့် ထည့်သွင်းခြင်းပြီးနောက်Ekaya Input Method ကို General တက်ဘ်ပေါ်ရှိ English-US အောက်တွင်တွေ့ရမည်။ Advanced Key Settings တက်ဘ်ပေါ်တွင် အက္ခရာအတွက် အတိုကောက် သော့ချက်ကို ပြုလုပ်နိုင်သည်။

XP ပေါ်တွင်ဖွဲ့စည်းပုံ

Windows XP ပေါ်တွင် မြန်မာယူနီကုတ် ၅.၁ ဖောင့်အတွက် မှန်ကန်စွာဖော်ပြနိုင်ရန် Install files for complex script and right to left languagesကို အမှတ်ခြစ်ပါ။

အဆိုပါစာမျက်နှာပေါ်တွင် နောက်ထပ်ဖွဲ့စည်းပုံ ရွေးနိုင်မှုအတွက် Details ကိုနှိပ်ပါ။အက္ခရာထည့်သွင်းမှုကို ပြုလုပ်သော်လည်း ပရိုဂရမ်အားလုံးတွင် Advanced Text Services ကိုလည်း သုံးနိုင်ရန် လိုအပ်လိမ့်မည်။ အကျိုးသက်ရောက်မှုရှိရန်အတွက် ကွန်ပျူတာ ပိတ်ပြီပြန်ဖွင့်ရန် လိုအပ်ပါသည်။

အက္ခရာ အသုံးပြုခြင်း

အက္ခရာကို ထည့်သွင်းသောအခါ Task Bar (သို့) Language Bar တစ်ခုခုပေါ်ရှိ ကီးဘုတ်အိုင်ကွန်မှ အက္ခရာကို ပြောင်းသုံးနိုင်သည်။ ကီးဘုတ်အိုင်ကွန်ကို နှိပ်ပါ။ ပြီးနောက် မီနူးမှ Ekaya Input Method ကို ရွေးချယ်ပါ။ ထည့်သွင်းပြီးသော KMFL ကီးဘုတ်မြောက်မြားစွာရှိနိုင်သည်။ ထို့ကြောင့် အက္ခရာအိုင်ကွန်နှင့်ကပ်လျက်ရှိသော အက္ခရာမီနူးပေါ်မှာ ကီးဘုတ်များကို ပြောင်းနိုင်သည်။ . အက္ခရာမီနူးကို မမြင်ရပါက Language Bar သို့သွားပါ။ Additional icons in taskbar ကို အမှတ်ခြစ်ပါ။

Ctrl+Space အက္ခရာနှင့် ရိုးရိုးကီးဘုတ်ပြောင်းသည်။

Ctrl+Shift+Space နောက်ထပ်အက္ခရာကီးဘုတ် ပြောင်းသည်။

ကီးဘုတ် ထည့်သွင်းခြင်း

ကီးဘုတ်ကို Keyman/KMFL စီစဉ်ဖွဲ့စည်းမှုတွင် .kmnနောက်ဆက်တွဲဖိုင်နှင့်အတူ ရေးရန်လိုအပ်သည်။ kmn ဖိုင်ကို C:\Program Files\ThanLwinSoft.org\Ekaya\kmflသို့ အစက်များပုံ (.bmp၊ .png) ရည်ညွှန်းချက်တစ်ခုခုနှင့်အတူ ကူးယူပါ။ HTML စီစဉ်ဖွဲ့စည်းမှုတွင် မှတ်တမ်းမှတ်ရာပြုလုပ်ပါက .kmn ဖိုင်အဖြစ် တူညီသောဖိုင်အမည်နှင့်အတူ သို့မဟုတ် .html နောက်ဆက်တွဲဖိုင်အဖြစ် တူညီသောဒရိုက်ထရီသို့ ၎င်းကို ကူးယူပါ။ ကွန်ပျူတာစနစ် အုပ်ချုပ်သူ၏ ခွင့်ပြုမိန့်မရရှိလျှင် သင့်ကွန်ပျူတာ ဒရိုက်ထရီရှိ AppData\Roaming\ThanLwinSoft.org\Ekaya\kmfl အောက်တွင် ကီးဘုတ်ကို ထည့်သွင်းနိုင်သည်။ (Window XP ပေါ်တွင် Application Data\ThanLwinSoft.org\Ekaya\kmfl) ၎င်းမရှိလျှင် ဒရိုက်ထရီ တစ်ခု ဖန်တီးပါ။

သတင်းအချက်အလက်ပိုများအတွက်ကြည့်ရန် ThanLwinSoft.org.
ဆော့ဝဲပြဿနာအတွက် အီးမေးလ်ပို့ရန် thanlwinsoft.