ကျန်းမာရေး နည်းလမ်း များ (Padauk)
ကျွန်ုပ် တို့ ၏ ပျော် ရွှင် မှု၊ သာယာဝပြော မှု နှင့် အောင်မြင် မှု တို့ သည် ကျွန်ုပ် တို့ ၏ ကျန်းမာ ခြင်း အပေါ် တွင် အများ ကြီး မှီခို နေ ပါ သည်။ ပညာတတ် ရန်၊ ကြွယ်ဝ ချမ်းသာ ရန် နှင့် ကြိုးပမ်း လုပ်ဆောင် မှု အားလုံး အောင်မြင် စေရန် အတွက် ကျန်းမာရေး သည် အထူး ပင် အရေးကြီး ပါ သည်။ ကျန်းမာရေး မ ပြည့်စုံ လျှင် ကျွန်ုပ် တို့ ၏ ပညာရေး၊ စီးပွားရေး မြှင့်တင် မှု လုပ်ငန်း များ လုပ် နိုင် လိမ့်မည် မ ဟုတ် ပါ။ သို့ဖြစ်၍ အစဉ်သဖြင့် ကျန်းမာ နေ ရန် ကျွန်ုပ် တို့ ကြိုးစား ကြ ရ ပါ မည်။
ကျန်းမာရေး နှင့် ပြည့်စုံ ရန် အတွက် ဆောင်ရွက် ရန် နည်းလမ်း များ ကို သိရှိ လိုက်နာ ရ ပါ မည်။ အစားအသောက်၊ အအိပ်အနေ၊ လေ့ကျင့်ခန်း နှင့် သန့်ရှင်း မှု တို့ သည် ကျန်းမာရေး အတွက် လိုအပ်ချက် များ ဖြစ် ပါ သည်။ အစားအစာ သည် အသက် ရှင် မှု အတွက် အထူး လိုအပ်ချက် ဖြစ် ပါ သည်။ ကျွန်ုပ် တို့ သည် အသက် ရှင် နေနိုင် ရန် အစာ စား ရ ခြင်း ဖြစ် ပြီး စားသောက် ရန် အသက် ရှင် နေ ခြင်း မ ဟုတ် ပါ။ ကျန်းမာ မှု အတွက် သင့်တော် သည့် ပ⁠ရို⁠တိန်း၊ သတ္တု ဓာတ် များ နှင့် ဗီတာမင် များ များ စွာ ပါ ဝင် သည့် အစာ များ ကို ရယူ စား သုံး ရန်
လိုအပ် ပါ သည်။ ကျွန်ုပ် တို့ နှင့် လျှော် ကန် သင့်မြတ် မည့် အိပ်စက် အနားယူ မှု မှာ လည်း အရေးကြီး ပါ သည်။ ကျွန်ုပ် တို့ ၏ ခန္ဓာကိုယ် မှ ကြွက်သား များ နှင့် အသား မျှင် များ အား ထိန်းသိမ်း ပြုပြင် မှု အတွက် အိပ်စက် ခြင်း နှင့် နား နေ ခြင်း တို့ အညီအမျှ လိုအပ် ပါ သည်။ ထို့ကြောင့် လုံလောက် စွာ အိပ်စက် နား နေ ရ ပါ မည်။
ကိုယ် ကာယ လေ့ကျင့်ခန်း များ နှင့် သန့်ရှင်း မှု တို့ လည်း အရေးကြီး လိုအပ် ပါ သည်။ လမ်းလျှောက် ခြင်း နှင့် အိမ် တွင်း လေ့ကျင့်ခန်း များ သည် အစားအသောက် စား လို စိတ် နှင့် စိတ် ရွှင်လန်း မှု တို့ ကို တိုးပွား စေ ပါ သည်။ တစ် ကိုယ် ရေ သန့်ရှင်း ရေး က ကျန်းမာ မှု ကို အထောက်အကူ ပြု ပါ သည်။ နေ့စဉ် ရေချိုး ခြင်း၊ အစာ မ စား မီ နှင့် စား ပြီး တိုင်း လက် များ ကို စနစ်တကျ ဆေးကြော ရ ပါ မည်။
အထက်ပါ ကျန်းမာရေး နည်းလမ်း များ ကို လိုက်နာ ဆောင်ရွက် ပါ က ကျွန်ုပ် တို့ တစ်သက် တာ အတွက် ကျန်းမာရေး နှင့် ပြည့်စုံ နေ မည် မှာ သေချာ ပါ သည်။ ကျွန်ုပ် တို့ ကျန်းမာ နေ လျှင် စီးပွား ဥစ္စာ ပြည့်စုံ ခြင်း၊ ပညာရေး ပြည့်စုံ ခြင်း နှင့် အခြား အောင်မြင် မှု များ ကို စွမ်းဆောင် နိုင် ပါ မည်။ သို့ပါ၍ ကျန်းမာ ခြင်း သည် ချမ်းသာ ခြင်း ဖြစ်ကြောင်း နှင့် ကျန်းမာ ခြင်း သည် ချမ်းသာ ခြင်း ထက် ပိုမို ကောင်းမွန် သည် ဟု ဆို ရ မည် ဖြစ် ပါ သည်။
ကျန်းမာရေး နည်းလမ်း များ (ZawGyi-One)
ကျန်းမာရေး နည်းလမ်း များ (Tahoma)